ဟိန်းဝေယံနှင့် အမေးအဖြေ

Facebook Twitter Pinterest Email
ဟိန်းဝေယံ

ဟိန်းဝေယံ

8 DAYS ဂျာနယ်မှာ ပရိသတ်မှ အမေး အနုပညာရှင်မှ အဖြေဆိုတဲ့ ကဏ္ဍလေးကို တင်ဆက်ပေးလိုက်ပါတယ်။  ပြည်သူချစ်တဲ့ အနုပညာရှင်တွေရဲ့ အကြောင်းကို သူတို့ချစ်တဲ့ ပရိသတ်က 8 DAYS မှ တဆင့် အနုပညာရှင်ထံသွားရောက် မေးမြန်းပြီး သိလိုသမျှ ဖော်ပြပေးလိုက်ပါတယ်။ 8 DAYS ရဲ့ Fan Club Member များ ကျေနပ် ပျော်ရွှင်နိုင်ကြပါစေ..။

ညီမနာမည်ကတော့ မသန်းသန်းဆင့် ဖြစ်ပါတယ်။ ညီမက 8DAYS ရဲ့ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ညီမက 8DAYS Journal Fan Club က To & From ကဏ္ဍကို ကြိုက်ပါတယ်။ ညီမအကြိုက်ဆုံး သရုပ်ဆောင်က ကိုဟိန်းဝေယံပါ။ ကိုဟိန်းဝေယံကို မေးချင်တာကို  8DAYS Journal  ကတစ်ဆင့် မေးမြန်းပေးပါနော်။

ကိုဟိန်းဝေယံ မွေးနေ့က ဘယ်နေ့လဲ သိပါရစေ။ ကိုဟိန်းဝေယံရဲ့ အကြိုက်ဆုံး အစားအစာက ဘာပါလဲ။

ကျွန်တော့်ရဲ့ မွေးနေ့က ၁၂ရက်၊ ၅လ၊ ၁၉၈၉ ခုနှစ်ပါ။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး အစားအစာက ငါးပိရည်နဲ့ တို့စရာကို အကြိုက်ဆုံးပါပဲ။

အစ်ကို့ရဲ့ အကြိုက်ဆုံး Fashion က ဘယ်လို Fashion လဲသိပါရစေ။ အစ်ကို့လိပ်စာနဲ့ ဖုန်းနံပါတ်ကိုလည်း သိပါရစေ။

ကျွန်တော်အကြိုက်ဆုံး Fashion က Free Styleကို အကြိုက်ဆုံးပါပဲ။ တကယ်လို့ ကျွန်တော့်ကို ဆက်သွယ်ချင်တယ် ဆိုရင်တော့ မာန်ထက်ချီ ထုတ်လုပ်ရေးကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

အစ်ကို သရုပ်ဆောင်တာ အရမ်းကောင်းပါတယ်။ အငိုပိုင်းလည်း ပီပြင်တော့ အစ်ကိုဘယ်လို Mood သွင်းလဲ သိပါရစေ။

ဇာတ်ကားတစ်ကားပေါ်မှာ ပါဝင်တဲ့ ကာရိုက်တာအတိုင်း စိတ်ကိုနှစ်ပြီး အဓိကထား သရုပ်ဆောင်ပါတယ်။

အစ်ကို့မှာ ချစ်သူရှိပါသလား။ ဘယ်လို မိန်းကလေးမျိုးကို ရင်ခုန်ပါသလဲ။

မရှိသေးပါဘူး။ ရှိခဲ့ရင် ပရိသတ်ကို အသိပေးသွားမှာပါ။ အစ်ကို့ရဲ့လက်မှတ်နဲ့ ဓာတ်ပုံတစ်ပုံလောက် ပို့ပေးပါနော်။ အစ်ကိုဒီထက်မက အောင်မြင်ပြီး အကယ်ဒမီ ထူးချွန်ဆုကိုလည်း ဆွတ်ခူးနိုင်ပါစေ….

8 Days Journal

Facebook Twitter Pinterest Email